မေတ္တာ = ခင်မင်ခြင်း၊ လူ၊ တိရစ္ဆာန်(သတ္တဝါ)
မေတ္တာ ဆိုတာကို အလွယ်တကူ “ချစ်ခြင်း”လို့ နားလည်ထားကြည့်ပါလား။့  ချစ်ခြင်း ညီမျှခြင်း ခင်မင်းခြင်း လို့ပေါင်းစပ် နားလည်ဖို့ဆိုသည်မှာ လူသားဆန်သောလူတစ်ယောက် ဖြစ်ဖို့လိုအပ်ပါသည် ။ သင်သည်မိတ်ဆွေ တစ်ဦးအပေါ်ခင်မင်ပြီဆိုပါစို့ ဒါဟာမေတ္တာပဲမဟုတ်ပါလား .. မိဘ ညီအစ်ကိုမောင်နှမအပေါ်ခင်မင်တာဟာလဲ မေတ္တာ။။ ချစ်သူအပေါ် ချစ်တာဟာလည်း မေတ္တာ။။ မိမိလင်သား/ဇနှီးမယားကိုချစ်တာလည်း မေတ္တာ။ ခွေးတစ်ကောင် ဒါမှမဟုတ် ကြောင်တစ်ကောင်ကို ခင်မင်ရင်းနှီးတာလဲမေတ္တာ။ ဘုရားရှင် သတ္တဝါတွေအပေါ်ထားရှိတဲစေတနာဟာလည်း မေတ္တာ။ ဆရာက တပည့်အပေါ်စေတနာထားတာလည်း မေတ္တာ။ အဲဒီလို တစ်ခုပြီးတစ်ခု တစ်စပြီးတစ်စ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကူညီခြင်း ခင်မင်ခြင်း ပေါင်းသင်းခြင်း ဂရုစိုက်းခြင်း စသော လူ ၊ တိရစ္ဆာန်တို့ရဲ့ နုညံ့တဲ့အမူအရာအားလုံးဟာ မေတ္တာချည်းပဲဆိုတာကိုလက်ခံ ကြမည်ဟုထင်ပါသည်။ လူ့ဘောင် လူ့အဖွဲ့စည်း လူ့အသိုင်းအဝိုင်းမှာ မေတ္တာရှေ့သွားပြုပြီးလုပ်ကိုင်မယ် ပြောဆိုမယ် ဆက်ဆံမယ် ဆိုရင် ငြိမ်းချမ်းသော ဘဝများကိုဖန်းတည်းပေးသည် ဟုပြောနိုင်ပါသည်။ သမိုင်းစာမျက်နှာများတွင် လူသားတစ်ရပ်လုံးအတိဒုက္ခရောက်အောင် စိတ်ဆင်းရဲအောင် အနေကြပ် အသေခက်ေ