မေတ္တာ = ခင်မင်ခြင်း၊ လူ၊ တိရစ္ဆာန်(သတ္တဝါ)
မေတ္တာ ဆိုတာကို အလွယ်တကူ “ချစ်ခြင်း”လို့ နားလည်ထားကြည့်ပါလား။့ 
ချစ်ခြင်း ညီမျှခြင်း ခင်မင်းခြင်း လို့ပေါင်းစပ် နားလည်ဖို့ဆိုသည်မှာ လူသားဆန်သောလူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါသည် ။
သင်သည်မိတ်ဆွေ တစ်ဦးအပေါ်ခင်မင်ပြီဆိုပါစို့ ဒါဟာမေတ္တာပဲမဟုတ်ပါလား ..
မိဘ ညီအစ်ကိုမောင်နှမအပေါ်ခင်မင်တာဟာလဲ မေတ္တာ။။
ချစ်သူအပေါ် ချစ်တာဟာလည်း မေတ္တာ။။
မိမိလင်သား/ဇနှီးမယားကိုချစ်တာလည်း မေတ္တာ။
ခွေးတစ်ကောင် ဒါမှမဟုတ် ကြောင်တစ်ကောင်ကို ခင်မင်ရင်းနှီးတာလဲမေတ္တာ။
ဘုရားရှင် သတ္တဝါတွေအပေါ်ထားရှိတဲစေတနာဟာလည်း မေတ္တာ။
ဆရာက တပည့်အပေါ်စေတနာထားတာလည်း မေတ္တာ။
အဲဒီလို တစ်ခုပြီးတစ်ခု တစ်စပြီးတစ်စ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကူညီခြင်း ခင်မင်ခြင်း ပေါင်းသင်းခြင်း
ဂရုစိုက်းခြင်း စသော လူ ၊ တိရစ္ဆာန်တို့ရဲ့ နုညံ့တဲ့အမူအရာအားလုံးဟာ မေတ္တာချည်းပဲဆိုတာကိုလက်ခံ ကြမည်ဟုထင်ပါသည်။
လူ့ဘောင် လူ့အဖွဲ့စည်း လူ့အသိုင်းအဝိုင်းမှာ မေတ္တာရှေ့သွားပြုပြီးလုပ်ကိုင်မယ် ပြောဆိုမယ် ဆက်ဆံမယ် ဆိုရင် ငြိမ်းချမ်းသော ဘဝများကိုဖန်းတည်းပေးသည် ဟုပြောနိုင်ပါသည်။
သမိုင်းစာမျက်နှာများတွင် လူသားတစ်ရပ်လုံးအတိဒုက္ခရောက်အောင် စိတ်ဆင်းရဲအောင် အနေကြပ် အသေခက်အောင် လုပ်ဆောင်ခဲ့သည်များကို ကြည့်ရင် မေတ္တာရှိခြင်း မရှိခြင်းကို ကွဲပြားစွာနာလည် ပါလိမ့်မည်။ ယခုရော နောင်ပါ မေတ္တာအခြေခဲပြီး လူသားများရပ်တည်ကြမယ်ဆိုရင် သို့မဟုတ် ခေါင်းဆောင်ပိုင်း ပုဂ္ဂီုလ်များ လူသားဆန်စွာဖြင့် ဦးဆောင်လုပ်ကိုင်မယ်ဆိုရင် အစစ အရာရာ အေးမြငြိမ်းချမ်းပါလိမ့်မည်။
ရွှေချိုင်ဇေယျ(ဆားလင်းကြီး)
Comments
Post a Comment